ချင်းဆန္ဒပြတဲ့ကိစ္စ နားလည်မှုမလွဲစေချင် by Salai Ceu Bik Thawng

ချင်းဆန္ဒပြတဲ့ကိစ္စ နားလည်မှုမလွဲစေချင် by Salai Ceu Bik Thawng

ချင်းပြည်သူတွေ ရန်ကုန်မှာ ဆန္ဒပြတာဟာ တိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအပေါ် AA တပ်ဖွဲ၊့ မြန်မာ့တပ်မတော်၊ အရပ်သားအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို တာဝန်ယူပေးဖို့၊ နောက်နောင်မကျူးလွန်ဖို့ –အပြုသဘောဖြင့်– တောင်းဆိုတာ မတ္တာရပ်ခံတာ ဖြစ်ပါတယ်။ အများအားဖြင့် အချက်အလက်(cases) တွေကို အခြေခံပြီး နစ်နာမှုတွေကို ဖော်ပြတာဖြစ်ပါတယ်။

ဆိုလိုတာက… ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှ သာစေ၊နာစေ၊ ဆိုပြီး တစ်ဘက်သတ် တိုက်ခိုက်တာမရှိပါဘူး။ စစ်ပွဲရဲ့သဘောသဘာဝအရ မလွဲမရှောင်သာ ထိခိုက်မှုကို နားလည်ပေးနိုင်ပါတယ်။ သို့သော်အခုဖြစ်စဉ်က Geneva Convention ထဲက ကျင့်ဝတ်များကို မလိုက်နာဘဲ ကြိုက်သလိုရမ်းကားမှုတွေ တွင်တွင်ကျယ်ကျယ် ကျူးလွန်သည့်အပြင် ရွာသားများကို စောကားမော်ကားလုပ်သည့်အထိဖြစ်လို့၊ နစ်နာတဲ့ဘက်က ရပ်တည်ပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။ ဥပမော– AA က ဖမ်းသွားတဲ့ အပြစ်မဲ့ချင်းရွာသား ၄၀ ခန့်ကို ချက်ခြင်းလွှတ်ပေးရေး၊ အစိုးရတပ်မတော်က ရွာသားများကို ရိက္ခာထမ်းခိုင်းတာမျိုးမလုပ်ဖို့…etc..
အဲဒီ တောင်းဆိုချက်တွေကို လိုက်နာပေးခြင်းအားဖြင့် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းမှ နစ်နာစရာမရှိဘူး။ ဒါကြောင့် အထင်လွဲစရာ မရှိပါဘူး။

Yangon khua chungah Paletwa ral donghter dingin mi tampi nih duhnak an langhter

အထူးသဖြင့် ရခိုင်ညီအကိုများအနေဖြင့် နားလည်မှုမလွဲစေချင်ဘူး။ တစ်ချို့ ဖတ်ဘွတ်စာမျက်နှာပေါ်မှာ ချင်းနှင့် ရခိုင်လူငယ်တစ်ချို့ ရေးသားချက်တွေမှာ လူမျိုးနာမည်တပ်ပြီး ပြောဆိုတာတွေ့ရလို့ စိတ်မကောင်းလို့ပါ။ ဒါဟာ လူမျိုးအချင်းချင်းပဋိပက္ခမဟုတ်ဘူး။ ထိုကဲ့သို့ အသွင်မဆောင်ဖို့လည်း ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ထိုသို့အသွင်ဆောင်သွားရင် ဘယ်သူ့အတွက်မှ ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်လို့ပါ။ ဒါကြောင့် ကျွန်တော်တို့နှဘက်ခေါင်းဆောင်များကလည်း တတ်နိုင်သလောက် အခြေအနေကိုထိန်းသိမ်းနိုင်ဖို့ဆိုပြီး ဆရာ ဦးဦးလှစော၊ ကိုခိုင်ကျော်မိုးတို့လို ရခိုင်ပါတီခေါင်းဆောင်များအပြင် အခြားရခိုင်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံတဲ့အခါတိုင်းဆွေးနွေးဖြစ်ခဲ့ပါတယ်။

ရခိုင်နဲ့ချင်းက မြန်မာနိုင်ငံအနောက်ခြမ်းမှာ နေထိုင်ပြီး အဆင်းရဲဆုံးပြည်နယ်များဖြစ်ကြတယ်။ နောက်ပြီး..အိမ်နီးချင်းဖြစ်မှုဆိုတာ ရွေးချယ်သည့်အရာမဟုတ်သလို ငြင်းပယ်လို့မရပါ။

ဒီချိန်မှာအလိုအပ်ဆုံးက အပြန်အလှန်နားလည်ပေးမှု၊ ကိုယ်ချင်းးစာတရား၊ လေးစားတန်ဖိုးထားမှုနှင့် တန်းတူအသိအမှတ်ပြုမှုရှိရေးပဲဖြစ်ပါတယ်။

ရခိုင်နှင့် ချင်းပြည် အမြန်ဆုံးငြိမ်းချမ်းပါစေ…

Azi cu Faiceu Journal website ah kum 1 leng thawnggpang a leh hnu ah The Chin Express (chinexpress.info, thechinexpress.com le thechinexpress.info) ah kum 3 chung thawngpang 2,000 leng a let/ṭial cang.